၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်တွင် ကျရောက်သော ဘရူနိုင်း ဆူလ်တန် ဘုရင်၏ (၇၃) နှစ်မြောက် မွေးနေ့အား ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို International Night ခေါင်းစဉ်ဖြင့် ဘရူနိုင်း ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနမှ (၂၀-၇-၂၀၁၉) ရက်တွင် ကြီးမှူး ကျင်းပခဲ့ရာ မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲခဲ့ပါသည်။

ဖော်ပြပါအခမ်းအနားတွင် ဘရူနိုင်းပြည်သူများအနေဖြင့် မြန်မာပြည်သူများ၏ ရိုးရာ ယဉ်ကျေးမှုအကများကို လက်တွေ့မြင်တွေ့သိရှိစေလျက် မြန်မာ-ဘရူနိုင်း ပြည်သူများအကြား ချစ်ကြည်မှုနှင့် နားလည်မှုကို အထောက်အကူပြုတိုးပွားစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာများကို ထင်ဟပ်စေသည့် မလေးလက်ခတ်သံအက၊ ပိတောက်လက်ဆောင် သင်္ကြန်အကနှင့် ဦးရွှေရိုးဒေါ်မိုးအကတို့ဖြင့် တင်ဆက်ခဲ့ပါသည်။

မြန်မာအကများဖြင့် တင်ဆက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြသော မြန်မာသံရုံး ကွာလာလမ်ပူမြို့၊ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)၊ စာဒန်းပရဟိတအသင်း (မလေးရှား) နှင့် ပါဝင်ကပြခဲ့သည့် မနိုင်နိုင်ဝင်း၊ မအိအိဖြိုး၊ မဖြိုးဇာငြိမ်းနှင့် မအေးအိခင်တို့ကို မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့မှ အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

မလေးလက်ခတ်သံအကဖြင့် ဖျော်ဖြေစဉ်

မလေးလက်ခတ်သံအကဖြင့် ဖျော်ဖြေစဉ်

ပိတောက်လက်ဆောင်သင်္ကြန်အကဖြင့် ဖျော်ဖြေစဉ်

ပိတောက်လက်ဆောင်သင်္ကြန်အကဖြင့် ဖျော်ဖြေစဉ်

 
ဉီးရွှေရိုး ဒေါ်မိုးအကဖြင့် ဖျော်ဖြေစဉ်

ဉီးရွှေရိုး ဒေါ်မိုးအကဖြင့် ဖျော်ဖြေစဉ်