Election notic

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့

(ဘရူနိုင်းဒါရူဆလမ်နိုင်ငံ)

အ သိ ပေး ကြေ ညာ ချက်

၁။        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၅ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘရူနိုင်းဒါရူဆလမ်နိုင်ငံရှိ မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့အနေဖြင့် ၁၆-၁၀-၂၀၁၅ရက် (သောကြာနေ့)တွင် (၉း၀၀)နာရီမှ (၁၇း၀၀)နာရီထိ လည်းကောင်း၊ ၁၈-၁၀-၂၀၁၅ရက် (တနင်္ဂနွေနေ့)တွင် လည်ကောင်း ကြိုတင်ဆန္ဒမဲများပေးနိုင်ရေးအတွက် ထုတ်ပြန်ကြေညာထားြပီးဖြစ်ပါသည်။

၂။        သို့ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုပြန်ကြားထားသည့်စာရင်းပါ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများအနေဖြင်‌့ အဆိုပါနေ့များတွင် သံရုံးသို့လာရောက်၍ ဆန္ဒမဲပေး ရာတွင် အောက်ပါအချက်များကို လိုက်နာပေးကြပါရန် တိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည် -

(က)     ဖေါ်ပြပါမဲရုံဖွင့်လှစ်သည်‌့နေ့ရက်နှင့် အချိန်များအတွင်း အချိန်မီလာရောက် ပေးကြပါရန်၊

(ခ)       နိုင်ငံကူးလက်မှတ်မူရင်း (သို့မဟုတ်) နိုင်ငံကူးလက်မှတ်မိတ္တူ (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကဒ် (သို့မဟုတ်) အိမ်ထောင်စုစာရင်း (သို့မဟုတ်) Brunei Identity Card ယူဆောင်လာကြပါရန်၊

(ဂ)       မော်တော်ယာဥ်များကို သံရုံးပြင်ပ ကားရပ်နားရန်နေရာတွင် စနစ်တကျ ရပ်တန့်ပေးကြပါရန်နှင့် စာရွက်စာတမ်း၊ အိတ်များ၊ အခြားပစ္စည်းကိရိယာများ ကို မဲရုံအတွင်းသို့ ယူဆောင်လာခြင်းမပြုပါရန်၊

(ဃ)     ထိုနေ့တွင်ပေးအပ်မည့် ‘Q’ နံပါတ်စဥ်အလိုက် တစ်ဦးချင်းစီ မဲပေးကြပါရန်၊ (အသက်အရွယ်ကြီးသူ၊ မသန်မစွမ်းသူ၊ ကျန်းမာရေးမကောင်းသူများကို ဦးစား ပေးပါရန်၊)

(င)       သံရုံးအတွင်းနှင့်အပြင် သန့်ရှင်းရေးကို အထူးဂရုပြုပေးပါရန်၊

(စ)       လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွာခံယူပေးကြပါရန်၊

 

ရက်စွဲ၊ ၂၀၁၅ခုနှစ် အောက်တိုဘာလ    ၁၄   ရက်

 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 9 of 61

Contact Address

Embassy of Myanmar, Bandar Seri Begawan,
Brunei Darussalam

Phone: 673 2451 960/ 2451 961
Fax: 2451963
Email: embassymyanmar.brunet@gmail.com
Web: www.mebandarseribegawan.org