Election date

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့

(ဘရူနိုင်းဒါရူဆလမ်နိုင်ငံ)

အ သိ ပေး ကြေ ညာ ချက်

၁။        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် (၈-၁၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ၂၀၁၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘရူနိုင်းဒါရူဆလမ်နိုင်ငံရှိ မြန်မာနိုင်ငံသားများအား ကြိုတင်ဆန္ဒမဲများပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲ ပုံစံ(၁၅)အား ဖြည့်စွက်ပေးပို့နိုင်ပါရန် မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့အနေဖြင့် (၁၁-၇-၂၀၁၅) ရက်နေ့ က ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

၂။        သို့ပါ၍ ကြိုတင်ဆန္ဒမဲ ပုံစံ(၁၅)အား ဖြည့်စွက်ပေးပို့ထားသူများအနေဖြင့် မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့၌ အောက်ဖေါ်ပါနေ့ရက်များတွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးနိုင် ပါရန်နှင့် ယင်းနေ့ရက်များတွင် ဆန္ဒမဲပေးမည့်ပုဂ္ဂိုလ်အနေဖြင်‌့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား {နိုင်ငံကူးလက်မှတ် (သို့တည်းမဟုတ်) နိုင်ငံသားစိစစ်ရေးကဒ် (သို့တည်းမဟုတ်) အိမ်ထောင်စုစာရင်း (သို့တည်းမဟုတ်) Brunei Identity Card (သို့တည်းမဟုတ်) ခိုင်လုံသည့်အထောက်အထားတစ်ခုခု} ကို ယူဆောင်လာနိုင်ရေးအတွက် ကြိုတင်သိရှိပြင်ဆင်ထားနိုင်ပါရန် အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။

 

နေ့ရက် အချိန်

 

(က)   ၁၆-၁၀-၂၀၁၅ရက်(သောကြာနေ့)          နံနက်(၀၉း၀၀)နာရီမှ         (၁၇း၀၀)နာရီထိ

(ခ)     ၁၈-၁၀-၂၀၁၅ရက်(တနင်္ဂနွေနေ့)            နံနက်(၀၉း၀၀)နာရီမှ         (၁၅း၀၀)နာရီထိ

 

 

 

 

 

 

 

မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့

ရက်စွဲ၊ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ   ၉   ရက်

 

 

 

 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 10 of 61

Contact Address

Embassy of Myanmar, Bandar Seri Begawan,
Brunei Darussalam

Phone: 673 2451 960/ 2451 961
Fax: 2451963
Email: embassymyanmar.brunet@gmail.com
Web: www.mebandarseribegawan.org