New Passport PDF Print E-mail

အကြောင်းအရာ။    မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ နှုန်းထားအသစ်များနှင့် လိုအပ်ချက်များ အသိပေးကြေညာချက်

 

၁။    မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့တွင် စက်ဖြင့် ဖတ်ရှုစစ်ဆေးနိုင်သော သာမန် မြန်မာနိုင်ငံကူးလက်မှတ်များ (MRP) ကို ၂၀၁၀ ပြည်နှစ်၊ ဇွန်လ (၁) ရက်နေ့မှ စတင်၍ ထုတ်ပေး လျှက်ရှိရာ မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် အသစ်ထုတ်ပေးခြင်းနှုန်းထားများကို အောက်ပါ အတိုင်း သတ်မှတ်ထားရှိပါသည် - ဘရူနိုင်းဒေါ်လာ
(က)    သက်တမ်း (၅) နှစ်ရှိ မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် အသစ် ထုတ်ပေးခ                                    ၁၅၀/-

(ခ)    တစ်ကြိမ်တစ်ခါသုံး မည်သူမည်၀ါဖြစ်ကြောင်း သက်သေခံ လက်မှတ် (C of I)                                ၁၀၀/-

(ဂ)    မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် ပျောက်ဆုံး၍ အသစ် ထုတ်ပေးခြင်း                                ၆၀၀/-

 

၂။    မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် နိုင်ငံကူးလက်မှတ်တွင် ရေးသွင်းရမည့် ကိုယ်ရေးအချက်အလက်များအား လျှောက်ထားသူကိုယ်တိုင် ရေးသွင်းရမည် ဖြစ်ပါသည်။

 

၃။    ဓာတ်ပုံတွင် အောက်ပါအချက်များ ကိုက်ညီရပါမည်-

(က)    (၆)လအတွင်း ရိုက်ကူးထားသောဓါတ်ပုံဖြစ်ရပါမည်။

(ခ)    မျက်နှာ၏ဧရိယာသည် ဓါတ်ပုံ၏ (၈၀) ရာခိုင်နှုန်းရှိရမည်။

(ဂ)    နောက်ခံအရောင် အဖြူရောင် ဖြစ်ရမည်။

(ဃ)    ဓာတ်ပုံပေါ်ရှိ မျက်နှာ၏အရောင်သည် နဂိုမူလ အသားအရောင် ဖြစ်ရမည်။

(င)    ထင်ရှားပြတ်သားမှုရှိသော ပုံရိပ်ဖြစ်ရမည်။

(စ)    မျက်လုံးအနေအထားမှာ-

(၁)    မျက်လုံးနှစ်ဘက်မှာ တစ်တန်းတည်ဖြစ်ရမည်။

(၂)    မျက်လုံးပေါ်၌ ဆံပင်များ အုပ်ဖုံးခြင်းမရှိစေရ။

(၃)    မျက်နှာသည်နောက်ခံအဖြူရောင်၏အလည်တည့်တည်တွင်ရှိရမည်

(၄)    မျက်လုံးပေါ်တွင် အနီစက်/အဖြူစက် အလင်းပြန်ခြင်းမရှိစေရ၊

(ဆ)    မျက်နှာအနေအထားသည် တည်ကြည်သော အနေအထားဖြစ်ရမည်။

(ဇ)    နှုတ်ခမ်းအနေအထားသည် ဖွင့်ဟနေသော အနေအထား မဖြစ်စေရ။

(ဈ)    ဓာတ်ပုံပေါ်တွင် အလင်းပြန်ခြင်း မရှိစေရ။

(ည)    ဓာတ်ပုံပေါ်တွင် အရိပ်မထင်စေရ။

(ဋ)    မျက်မှန်တပ်သည့်သူများ- အရောင်ပြောင်းမျက်မှန် (tinted lenses)၊ မျက်မှန် အပေါ်တွင် အလင်းမပြန်စေရ၊ မျက်မှန်ဘောင်းမထူရ၊ မျက်မှန်ဘောင် (Frames) သည် မျက်လုံးကို မကွယ်ရ။

(ဌ)    ဦးထုတ်ဆောင်း၍ မရိုက်ရ။

(ဍ)    အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ၊ ခေါင်းဝတ်ပုဝါသည် မျက်နှာပေါ် တွင် အုပ်မိုးခြင်းမရှိစေရ၊ အရိပ်မကျစေရ၊

(¡)    ဓာတ်ပုံအရွယ်အစားမှာ (၃၅ မီလီမီတာနှင့် ၄၅ မီလီမီတာ) ရှိရမည်။

(ဏ)    ဓာတ်ပုံ Resolution မှာ ၆၀၀ ppi ဖြစ်ရမည်။

(တ)    ဓာတ်ပုံအား စီဒီခွေ (soft copy) ဖြင့် ပေးရပါမည်။

 

၄။    လျှောက်ထားသူ၏ ထိုးမြဲလက်မှတ်/လက်ဗွေပုံစံနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဖြစ်ရပါမည်။

(က)    ထိုးမြဲလက်မှတ်သည် နိုင်ငံကူးလက်မှတ်ပေါ်တွင် ထည်‌့သွင်းဖော်ပြရမည် ဖြစ်သည့်အတွက် လျှောက်ထားသူ ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်ဖြစ်ရမည်၊ ကိုယ်စားမထိုးရ၊ ကွဲလွဲခဲ့ပါက ခရီးသွားရာတွင် အခက်အခဲကြုံတွေ့နိုင် ပါသည်၊

(ခ)    ရေးထိုးသောလက်မှတ်သည် သတ်မှတ်ဘောင်ထက် ကျော်လွန်ခြင်းမရှိစေရ၊ ထင်ရှားပြတ်သားမှုရှိရမည်။

(ဂ)    လျှောက်ထားသူသည် ၄င်း၏ ညာလက်မနှင့် ဘယ်လက်မ လက်ဗွေပုံစံပေးရ ပါမည်။

 

Contact Address

Embassy of Myanmar, Bandar Seri Begawan,
Brunei Darussalam

Phone: 673 2451 960/ 2451 961
Fax: 2451963
Email: embassymyanmar.brunet@gmail.com
Web: www.mebandarseribegawan.org