ကောင်စစ်( နိုင်ငံသားဌာန)

သာမန်မြန်မာနိုင်ငံကူးလက်မှတ်(Ordinary Passport) သက်တမ်းတိုး/အသစ်ထုတ်ပေးခြင်း

၁။ ဘန်ဒါဆရီဘီဂါဝန်မြို့၊ မြန်မာသံရုံးတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ် (Ordinary Passport) အား သက်တမ်းတိုးရန် အသစ်လဲလှယ်ပေးခြင်း၊ ဘရူနိုင်းနိုင်ငံတွင် မွေးဖွားသော ကလေးများအား ထုတ်ပေးခြင်း၊ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး၍ အသစ်ထုတ်ပေးခြင်းတို့အား ဆောင်ရွက်ပေးလျှက်ရှိသည့်ပြင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (C of I) ထုတ်ပေး ခြင်း၊ ထောက်ခံစာများပြုလုပ်ပေးခြင်းစသည့်ကိစ္စရပ်များကို သံရုံးပိတ်ရက်များမှအပ နံနက် (၀၉:၀၀)နာရီမှ ညနေ(၁၆:၃၀)နာရီအထိ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ ဤသံရုံးတွင် နိုင်ငံကူးလက်မှတ်အမျိုးအစားများအလိုက် သက်တမ်းတိုးဆောင်ရွက်ရာတွင် အောက်ဖေါ်ပြပါအချက်များကို ပြည့်စုံစွာယူဆောင်လာရပါမည်။

(က) Job Passport - PJ (သက်တမ်း ၅နှစ်)

  • သံရုံးမှ အခမဲ့ထုတ်ပေးသည့် ကိုယ်ရေးပုံစံကို ပြည့်စုံစွာဖြည့်စွက်ရပါမည်။
  • နောက်ဆုံးဆောင်ထားသည့် ဝင်ငွေခွန်မိတ္တူတင်ပြရပါမည်။ (၃၁-၁၂-၂၀၁၁ ရက်နေ့ အထိ) (၁-၁-၂၀၁၂ ရက်နေ့နောက်ပိုင်းမှ လာရောက်အလုပ်လုပ်ကိုင်သူများ အထောက် အထားပြနိုင်ရန် လိုအပ်ပါသည်။)
  • အလုပ်စာချုပ်(Contract) မိတ္တူ (သို့မဟုတ်) BUR 555 (ဘရူနိုင်းအလုပ်သမား ဦးစီးဌာနမှ အလုပ်လုပ်ခွင့်ပြုစာ) မိတ္တူ (သို့မဟုတ်) BUR 500 (ဘရူနိုင်းအလုပ် သမားဦးစီးဌာနမှ အလုပ်ခေါ်စာ) မိတ္တူ၊
  • နိုင်ငံကူးလက်မှတ်မိတ္တူ (ဓါတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်းပါစာမျက်နှာ)
  • (၁.၅x၂)လက္မ ကာလာဓါတ်ပုံ(၂)ပုံ (နောက်ခံအဖြူရောင်)
  • (၆လအတွင်းရိုက်ကူးထားသော ကြည်လင်ပြတ်သားသည့် ဓါတ်ပုံဖြစ်ရမည်၊ မျက်မှန် တပ်ဆင်ထားသူဖြစ်ပါက မျက်မှန်ကိုချွတ်ရမည်၊ ဦးထုပ် မဆောင်းရ၊ မျက်နှာပေါ်လွင် စေရန် ခေါင်းဆောင်းချွတ်ရပါမည်)
  • စာအုပ်ဖိုး ဘရူနိုင်း(၃၂)ဒေါ်လာ (BND)
  • လိုအပ်သည့် စာရွက်စာတမ်းများပြည့်စုံပါက နိုင်ငံကူးလက်မှတ်အား ဆောလျင်စွာ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ပေးပါမည်။

(ခ) Dependent Passport - PT (သက်တမ်း ၅နှစ်)

  • နိုင်ငံခြားသားနှင့်လက်ထပ်ထားသည့် မြန်မာအမျိုးသမီးများ၊ မြန်မာနိုင်ငံသား အချင်းချင်းလက်ထပ်ထားသူများ၊ မိဘအားမှီခိုသူများနှင့် ဘရူနိုင်းနိုင်ငံတွင် မွေးဖွားသည့်ကလေးများ စသည်ဖြင့် မှီခိုသူ (Dependent) (၄)မျိုး ရှိပါသည်။

(ကက) နိုင်ငံခြားသားနှင့်လက်ထပ်ထားသည့် မြန်မာအမျိုးသမီးများ

  • သံရုံးမှ အခမဲ့ထုတ်ပေးသည့် ကိုယ်ရေးပုံစံကို ပြည့်စုံစွာဖြည့်စွက်ရပါမည်။
  • လက်ထပ်စာချုပ်(မူရင်း/မိတ္တူ) (ဘရူနိုင်းဘာသာဖြစ်ပါက အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုရပါမည်။)
  • နိုင်ငံကူးလက်မှတ်မိတ္တူ (ဓါတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်းပါ စာမျက်နှာ)- (၁.၅x၂)လက္မ ကာလာဓါတ်ပုံ(၂)ပုံ (နောက်ခံအဖြူရောင်)
  • (၆လအတွင်းရိုက်ကူးထားသော ကြည်လင်ပြတ်သားသည့် ဓါတ်ပုံဖြစ်ရမည်၊ မျက်မှန် တပ်ဆင်ထားသူဖြစ်ပါက မျက်မှန်ကိုချွတ်ရမည်၊ ဦးထုပ် မဆောင်းရ၊ မျက်နှာပေါ်လွင်စေရန် ခေါင်းဆောင်းချွတ်ရပါမည်)
  • အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသားနှင့် ကွာရှင်းပြတ်စဲပါက အပြန် လေယာဉ်လက်မှတ်ဘိုးအတွက် ဘရူနိုင်း(၆၀၀)ဒေါ်လာကို ဤသံရုံးတွင် အာမခံငွေအဖြစ်ထားရှိရပါမည်။
  • စာအုပ်ဖိုး ဘရူနိုင်း(၃၂)ဒေါ်လာ (BND)
  • လိုအပ်သည့် စာရွက်စာတမ်းများပြည့်စုံပါက နိုင်ငံကူးလက်မှတ်အား ဆောလျင်စွာ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ပေးပါမည်။

(ခခ) မြန်မာနိုင်ငံသားအချင်းချင်း လက်ထပ်ထားသူများ

  • သံရုံးမှ အခမဲ့ထုတ်ပေးသည့် ကိုယ်ရေးပုံစံကို ပြည့်စုံစွာဖြည့်စွက်ရပါမည်။
  • ခင်ပွန်း (သို့မဟုတ်) ဇနီး (၂)ဦးထဲမှ တစ်ဦးဦးသည် နောက်ဆုံးဆောင်ထား သည့် ဝင်ငွေခွန်မိတ္တူတင်ပြရပါမည်။ (၃၁-၁၂-၂၀၁၁ ရက်နေ့အထိ) (၁-၁-၂၀၁၂ ရက်နေ့ နောက်ပိုင်းမှ လာရောက်အလုပ်လုပ်ကိုင်
  • သူများ အထောက် အထားပြနိုင်ရန် လိုအပ်ပါသည်။)
  • အလုပ်စာချုပ်(Contract) မိတ္တူ (သို့မဟုတ်) BUR 555 (ဘရူနိုင်း အလုပ် သမားဦးစီးဌာနမှ အလုပ်လုပ်ခွင့်ပြုစာ) မိတ္တူ (သို့မဟုတ်) BUR 500 (ဘရူနိုင်းအလုပ်သမားဦးစီးဌာနမှ အလုပ်ခေါ်စာ) မိတ္တူ၊
  • လက်ထပ်စာချုပ်(မူရင်း/မိတ္တူ)
  • နိုင်ငံကူးလက်မှတ်မိတ္တူ (ဓါတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်းပါ စာမျက်နှာ)
  • (၁.၅x၂)လက္မ ကာလာဓါတ်ပုံ(၂)ပုံ (နောက်ခံအဖြူရောင်)
  • (၆လအတွင်းရိုက်ကူးထားသော ကြည်လင်ပြတ်သားသည့် ဓါတ်ပုံဖြစ်ရ မည်၊ မျက်မှန် တပ်ဆင်ထားသူဖြစ်ပါက မျက်မှန်ကိုချွတ်ရမည်၊ ဦးထုပ် မဆောင်းရ၊ မျက်နှာပေါ်လွင်စေရန် ခေါင်းဆောင်းချွတ်ရပါမည်)
  • စာအုပ်ဖိုး ဘရူနိုင်း(၃၂)ဒေါ်လာ (BND)
  • လိုအပ်သည့် စာရွက်စာတမ်းများပြည့်စုံပါက နိုင်ငံကူးလက်မှတ်အား ဆောလျင်စွာ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ပေးပါမည်။

(ဂဂ) မိဘအားမှီခိုခြင်း

  • သံရုံးမှအခမဲ့ထုတ်ပေးသည့် ကိုယ်ရေးပုံစံကို ပြည့်စုံစွာဖြည့်စွက်ရပါမည်။
  • ခင်ပွန်း (သို့မဟုတ်) ဇနီး (၂)ဦးထဲမှ တစ်ဦးဦးသည် နောက်ဆုံးဆောင်ထား သည့် ဝင်ငွေခွန်မိတ္တူတင်ပြရပါမည်။ (၃၁-၁၂-၂၀၁၁ ရက်နေ့အထိ) (၁-၁-၂၀၁၂ ရက်နေ့ နောက်ပိုင်းမှ လာရောက်အလုပ်လုပ်ကိုင်
  • သူများ အထောက် အထားပြနိုင်ရန် လိုအပ်ပါသည်။)
  • အလုပ်စာချုပ်(Contract) မိတ္တူ (သို့မဟုတ်) BUR 555 (ဘရူနိုင်း အလုပ် သမားဦးစီးဌာနမှ အလုပ်လုပ်ခွင့်ပြုစာ) မိတ္တူ (သို့မဟုတ်) BUR 500 (ဘရူနိုင်းအလုပ်သမားဦးစီးဌာနမှ အလုပ်ခေါ်စာ) မိတ္တူ၊
  • သန်းခေါင်စာရင်း (သို့မဟုတ်) မွေးစာရင်းမိတ္တူ
  • နိုင်ငံကူးလက်မှတ်မိတ္တူ (ဓါတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်းပါ စာမျက်နှာ)
  • (၁.၅x၂)လက္မ ကာလာဓါတ်ပုံ(၂)ပုံ (နောက်ခံအဖြူရောင်)
  • (၆လအတွင်းရိုက်ကူးထားသော ကြည်လင်ပြတ်သားသည့် ဓါတ်ပုံဖြစ်ရ မည်၊ မျက်မှန် တပ်ဆင်ထားသူဖြစ်ပါက မျက်မှန်ကိုချွတ်ရမည်၊ ဦးထုပ် မဆောင်းရ၊ မျက်နှာပေါ်လွင်စေရန် ခေါင်းဆောင်းချွတ်ရပါမည်)
  • စာအုပ်ဖိုး ဘရူနိုင်း(၃၂)ဒေါ်လာ (BND)
  • လိုအပ်သည့် စာရွက်စာတမ်းများပြည့်စုံပါက နိုင်ငံကူးလက်မှတ်အား ဆောလျင်စွာ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ပေးပါမည်။

(ဃဃ) ဘရူနိုင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးမြန်မာနိုင်ငံကူးလက်မှတ်အသစ် လျောက်ထားခြင်း

  • သံရုံးမှ အခမဲ့ထုတ်ပေးသည့်ကိုယ်ရေးပုံစံကို (မိဘနှင့်ကလေးသုံးဦးစလုံး) ပြည့်စုံစွာ ဖြည့်စွက်ရပါမည်။
  • ခင်ပွန်း (သို့မဟုတ်) ဇနီး (၂)ဦးထဲမှ တစ်ဦးဦးသည် နောက်ဆုံးဆောင်ထား သည့် ဝင်ငွေခွန်မိတ္တူတင်ပြရပါမည်။ (၃၁-၁၂-၂၀၁၁ ရက်နေ့အထိ) (၁-၁-၂၀၁၂ ရက်နေ့ နောက်ပိုင်းမှ လာရောက်အလုပ်လုပ်ကိုင်
  • သူများ အထောက် အထားပြနိုင်ရန် လိုအပ်ပါသည်။)
  • အလုပ်စာချုပ်(Contract) မိတ္တူ (သို့မဟုတ်) BUR 555 (ဘရူနိုင်းအလုပ် သမားဦးစီးဌာနမှ အလုပ်လုပ်ခွင့်ပြုစာ) မိတ္တူ (သို့မဟုတ်) BUR 500 (ဘရူနိုင်းအလုပ်သမားဦးစီးဌာနမှ အလုပ်ခေါ်စာ) မိတ္တူ၊
  • မိဘနှစ်ဦးစလုံး၏နိုင်ငံကူးလက်မှတ်မိတ္တူ (ဓါတ်ပုံပါစာမျက်နှာနှင့် နေထိုင် ခွင့် သက်တမ်းပါ စာမျက်နှာ)
  • မွေးစာရင်းမိတ္တူ (အင်္ဂလိပ်ဘာသာပြန်ဆိုထားရပါမည်)
  • ပြည်ပတွင်မွေးဖွားသည့် ကလေးများအတွက် မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးသို့ ခွင့်ပြုချက် တင်ပြတောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှသာ မြန်မာနိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးမည်ဖြစ်ပါ သည်။
  • စာအုပ်ဖိုး ဘရူနိုင်း(၃၂)ဒေါ်လာ (BND)
  • လိုအပ်သည့် စာရွက်စာတမ်းများပြည့်စုံပါက နိုင်ငံကူးလက်မှတ်အား ဆောလျင်စွာ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ပေးပါမည်။

(ဂ) Student Passport - PE (သက်တမ်း ၅နှစ်)

  • သံရုံးမှအခမဲ့ထုတ်ပေးထားသည့် ကိုယ်ရေးပုံစံကို ပြည့်စုံစွာဖြည့်စွက်ရပါမည်။
  • မိမိပညာသင်ကြားနေသည့် တက္ကသိုလ်မှ ထောက်ခံစာမူရင်း
  • နိုင်ငံကူးလက်မှတ်မိတ္တူ (ဓါတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်းပါ စာမျက် နှာ)
  • (၁.၅x၂)လက္မ ကာလာဓါတ်ပုံ(၂)ပုံ (နောက်ခံအဖြူရောင်)
  • (၆လအတွင်းရိုက်ကူးထားသော ကြည်လင်ပြတ်သားသည့် ဓါတ်ပုံဖြစ်ရမည်၊ မျက်မှန်တပ်ဆင်ထားသူဖြစ်ပါက မျက်မှန်ကိုချွတ်ရမည်၊ ဦးထုပ် မဆောင်းရ၊ မျက်နှာပေါ်လွင်စေရန် ခေါင်းဆောင်းချွတ်ရပါမည်)
  • စာအုပ်ဖိုး ဘရူနိုင်း(၃၂)ဒေါ်လာ (BND)
  • လိုအပ်သည့်စာရွက်စာတမ်းများပြည့်စုံပါက နိုင်ငံကူးလက်မှတ်အား ဆောလျင်စွာ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ပေးပါမည်။

(ဃ) Religious Passport - PR (သက်တမ်း ၅နှစ်)

  • သံရုံးမှအခမဲ့ထုတ်ပေးသည့် ကိုယ်ရေးပုံစံကို ပြည့်စုံစွာဖြည့်စွက်ရပါမည်။
  • သာသနာ့ကိစ္စရပ်များ ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာဘုန်းကြီးကျောင်း၏ ထောက်ခံစာမူရင်း သာသနာ့မှတ်ပုံတင်မိတ္တူ
  • နိုင်ငံကူးလက်မှတ်မိတ္တူ (ဓါတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်းပါ စာမျက်နှာ)- (၁.၅x၂)လက္မ ကာလာဓါတ်ပုံ(၂)ပုံ (နောက်ခံအဖြူရောင်)
  • (၆လအတွင်းရိုက်ကူးထားသော ကြည်လင်ပြတ်သားသည့် ဓါတ်ပုံဖြစ်ရမည်၊ မျက်မှန်တပ်ဆင်ထားသူဖြစ်ပါက မျက်မှန်ကိုချွတ်ရမည်၊ ဦးထုပ် မဆောင်းရ၊ မျက်နှာပေါ်လွင်စေရန် ခေါင်းဆောင်းချွတ်ရပါမည်)
  • စာအုပ်ဖိုး ဘရူနိုင်း(၃၂)ဒေါ်လာ (BND)
  • လိုအပ်သည့်စာရွက်စာတမ်းများပြည့်စုံပါက နိုင်ငံကူးလက်မှတ်အား ဆောလျင်စွာ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ပေးပါမည်။

(င) မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity – C of I) သက်တမ်း(၇)ရက်

ဘရူနိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး သွားသူများ၊ ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ကလေးမွေးဖွားပြီး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လိုသူများအတွက် ဤသံရုံးမှ ထုတ်ပေးလျက်ရှိပါသည်။

(ကက) အလည်အပတ်လာသူများ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသွားသူများ

  • သံရုံးမှ အခမဲ့ထုတ်ပေးသည့် ကိုယ်ရေးပုံစံကို ပြည့်စုံစွာဖြည့်စွက်ရပါမည်။
  • ပျောက်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်မိတ္တူ၊
  • ရဲစခန်းထောက်ခံချက်မူရင်း၊
  • (၁.၅x၂)လက္မ ကာလာဓါတ်ပုံ(၂)ပုံ (နောက်ခံအဖြူရောင်)
  • (၆လအတွင်းရိုက်ကူးထားသော ကြည်လင်ပြတ်သားသည့် ဓါတ်ပုံဖြစ်ရမည်၊ မျက်မှန် တပ်ထားသူဖြစ်ပါက မျက်မှန်ကိုချွတ်ရမည်၊ ဦးထုပ် မဆောင်းရ၊ မျက်နှာပေါ်လွင်စေရန် ခေါင်းဆောင်းချွတ်ရပါမည်)


(ခခ) ဘရူနိုင်းနိုင်ငံတွင်ကလေးမွေးဖွားပြီး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် လိုသူများ

  • သံရုံးမှ အခမဲ့ထုတ်ပေးသည့် ကိုယ်ရေးပုံစံကို ပြည့်စုံစွာဖြည့်စွက်ရပါမည်။
  • မိဘနှစ်ဦး၏ နိုင်ငံကူးလက်မှတ်မိတ္တူ၊
  • ကလေးမွေးစာရင်း(မူရင်း/မိတ္တူ)(အင်္ဂလိပ်ဘာသာပြန်ဆိုထားရပါမည်)
  • (၁.၅x၂)လက္မ ကာလာဓါတ်ပုံ(၂)ပုံ (နောက်ခံအဖြူရောင်)

(စ) ဘရူနိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံး ပါကအသစ်ပြန်လည်ထုတ်ပေးခြင်း

  • သံရုံးမှ အခမဲ့ထုတ်ပေးသည့် ကိုယ်ရေးပုံစံကို ပြည့်စုံစွာဖြည့်စွက်ရပါမည်။
  • နောက်ဆုံးဆောင်ထားသည့် ဝင်ငွေခွန်မိတ္တူတင်ပြရပါမည်။ (၃၁-၁၂-၂၀၁၁ ရက်နေ့ အထိ) (၁-၁-၂၀၁၂ ရက်နေ့နောက်ပိုင်းမှ လာရောက်အလုပ်လုပ်ကိုင်သူများ အထောက် အထားပြနိုင်ရန် လိုအပ်ပါသည်။)
  • အလုပ်စာချုပ်(Contract) မိတ္တူ (သို့မဟုတ်) BUR 555 (ဘရူနိုင်းအလုပ်သမား ဦးစီးဌာနမှ အလုပ်လုပ်ခွင့်ပြုစာ) မိတ္တူ (သို့မဟုတ်) BUR 500 (ဘရူနိုင်းအလုပ် သမားဦးစီးဌာနမှ အလုပ်ခေါ်စာ) မိတ္တူ၊
  • ပျောက်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်မိတ္တူ၊
  • ရဲစခန်းထောက်ခံချက်မူရင်း၊- (၁.၅x၂)လက္မ ကာလာဓါတ်ပုံ(၂)ပုံ (နောက်ခံအဖြူရောင်)
  • (၆လအတွင်းရိုက်ကူးထားသော ကြည်လင်ပြတ်သားသည့် ဓါတ်ပုံဖြစ်ရမည်၊ မျက်မှန် တပ်ဆင်ထားသူဖြစ်ပါက မျက်မှန်ကိုချွတ်ရမည်၊ ဦးထုပ် မဆောင်းရ)
  • စာအုပ်ဖိုး ဘရူနိုင်း(၃၂)ဒေါ်လာ (BND) နှင့် နိုင်ငံတော်ကသတ်မှတ်ထားသည့် ဒဏ်ကြေး၊- လိုအပ်သည့်စာရွက်စာတမ်းများပြည့်စုံပါက နိုင်ငံကူးလက်မှတ်အား ဆောလျင်စွာ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ပေးပါမည်။

Holidays For This Month

1st January 2020
(Wednesday)
International New Year Day

6th January 2020
(Monday)
Independence Day

Visa Hours
Morning 09:30 am to 12:00pm
Evening 13:30pm to 16:30pm


( Monday to Friday )
Contact Address

Embassy of Myanmar, Bandar Seri Begawan,Brunei Darussalam
Phone: 673 2451 960/ 2451 961
Fax: 2451963
Email: [email protected]
Web: www.mebandarseribegawan.org

Exchange Rate

Official Website of Central Bank of Myanmar
  • Exchange rate of United State
    1 USD = 2,100.0 MMK
  • Exchange rate of Euro
    1 EUR = 2,254.1 MMK
  • Exchange rate of Singapore Dollar
    1 SGD = 1,544.7 MMK

Date & Time for Brunei

Weather for Brunei


booked.net

Date & Time for Yangon

Weather for Yangon


booked.net

Government Ministries

Embassy Websites